Thursday, October 28, 2021

သုံးဆယ့်တစ်ဘုံရှင်းတမ်း -နားလည်သိထားသင့်ပါတယ်

 


 

၁။ အပါယ်လေးဘုံ
ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ အသုရကာယ်။

(က) ငရဲဘုံဟာ ဒီကမ္ဘာမြေပြင် အောက်ယူဇနာ (၁၅၀၀၀) တစ် ယူဇနာ ၈မိုင်ထားတွက်ရင် မိုင်ပေါင်း (၁၂၀၀၀၀) အရပ်မှာတည်ရှိတယ်လို့ ဆိုပါတယ်။



ငရဲက ရှစ်ထပ်ရှိပါတယ်။ တထပ်နဲ့ တထပ် ဒီအကွာအဝေးအတိုင်း အောက်ဘက်ကိုကွာဝေးသွားပြီး ကမ္ဘာမြေကြီးရဲ့အောက်မှာ တည်ရှိတယ်လို့ ဆိုပါတယ်။

(ခ) တိရစ္ဆာန်ဘုံ ဆိုတာကတော့ အထူးညွှန်ပြနေစရာ မလိုပါဘူး။

ဆင် မြင်း ကျွဲ နွား စသည်ဖြင့် လူတိုင်း အသိပါပဲ။ သူတို့ကတော့ ဘုံသီးခြားမရှိ၊ တိရစ္ဆာန်အမျိုးမျိုး အလိုက် စုပေါင်းနေထိုင်ရာအရပ်ကို တိရစ္ဆာန်ဘုံလို့ခေါ်ပါတယ်။

အချုပ်ကတော့ သူတို့နေထိုင်ရာအရပ်ဟာ သူတို့ဘုံပါပဲ။

(ဂ)ပြိတ္တာဘုံ အစိမ်းသရဲ ဘီလူး သဘက် တစ္ဆေ မြေဘုတ် မှင်စာ အစရှိတဲ့ မကောင်းဆိုးရွားသတ္တဝါအစားစားတွေကို ပြိတ္တာလို့ ခေါ်တယ်။

သူတို့လဲ နေရာ၊ ဘုံ သီးခြားမရှိ။ တောကြီး တောင်ကြီး ချိုင့်ဝှမ်း ကန္နား ချောင်းမြောင်း အင်းအိုင် အိမ်ကြိုအိမ်ကြားစသည် သူတို့ ခိုအောင်းနေထိုင်ရာ နေရာဟာ သူတို့ဘုံပဲ။

(ဃ)အသူရကာယ်ဘုံ အသူရကာယ်ဆိုတာ ပြိတ္တာ အကြီးစားဖြစ်ပါတယ်။ သမုဒ္ဒရာ မြစ်ကမ်းအစပ်တွေမှာ နေထိုင်တတ်ပါတယ်။

ရေဘေးမှာနေသော်လဲ ရေမသောက်ရ။ ရေထဲဆင်းသွားရင် ရေတွေပျောက်ပြီး သဲပူတွေသာ တွေ့ရပါတယ်။

စားစရာဆိုတာကတော့သာလို့ပဲ ဝေးပါတယြ။ အလှနဆြငြးရဲပါတယြ။ အဲဒီအသူရကာယြ (ပှိတျတာအကှီးစား) အပေါငြးတို့ နရောကြိုပဲ အသူရကာယဘြုံလို့ ခေါပြါတယြ။

၂။ လူ့ဘုံ
ယခုလူတို့နေထိုင်ရာ ကမ္ဘာလောကကြီးပါပဲ။

၃။နတ်ပြည် ၆- ထပ်

၁။ စတုမဟာရာဇဘုံ
၂။ တာဝတိံသာ
၃။ ယာမာ
၄။တုသီတာ
၅။ နိမ္မာနရတိံ
၆။ပရနိမ္မိတဝဿဝတီဘုံ တို့ဖြစ်သည်။

စတုမဟာရာဇ်ဘုံဟာ မြင့်မိုလ်တောင်ခါးပန်း နံပါးလေးဘက်မှာ တည်ရှိပါတယ်။

တာဝတိံသာဘုံဟာ မြင့်မိုရ်တောင်ထိပ်မှာ တည်ရှိပါတယ်။

ယာမာ အစရှိတဲ့ နတ်ပြည်လေးထပ်ကတော့ တာဝတိံသာ အထက်ကောင်းကင်ပေါ်မှာ အဆင့်ဆင့် တည်ရှိတယ်လို့ ဆိုပါတယ်။

လူ့ဘုံ နတ်ပြည်ခြောက်ထပ်ဘုံပေါင်း(၇) ဘုံကို ကာမသုဂတိ ၇ ဘုံလို့ ခေါ်ကြပါတယ်။

 


အပါယ်လေးဘုံ ကာမသုဂတိ ၇ဘုံ၊
ပေါင်း ဆယ့်တစ်ဘုံကို ကာမဆယ့်တစ်ဘုံ လို့ခေါ်ပါတယ်။

ဗြဟ္မာ့ဘုံနှစ်ဆယ်

(က) ပဌမစျာန်သုံးဘုံံံ

၁။ ဗြဟ္မာ့ပါရိသဇ္ဇာ ဘုံ
၂။ ဗြဟ္မာ့ပုရောဟိတာ ဘုံ
၃။ မဟာဗြဟ္မာ ဘုံ

(ခ) ဒုတိယစျာန်သုံးဘုံ

၄။ ပရိတ္တာဘာ ဘုံ
၅။ အပ္ပမာနာဘာဘုံ
၆။ အဘိံရ ဘုံ

(ဂ) တတိယစျာန် သုံးဘုံ

၇။ ပရိတ္တသုဘာ ဘုံ
၈။ အပ္ပမာဏသုဘာ ဘုံ
၉။ သုဘကိဏှာ ဘုံ

(ဃ) စတုတ္ထစျာန် ၇ ဘုံ

ဝေဟပ္ဖိုလ်ဘုံ အသညသတ်ဘုံ သုဒ္ဓါဝါသ ၅ ဘုံ
ပေါင်း ၇ ဘုံ (အဝိဟာ အကပ္ပါသုဒဿာ သုဒဏီ အကနိဋ္ဌာ အထက်ကပြခဲ့တဲ့ ၉ ဘုံနဲ့ ယခု ၇ ဘုံနဲ့ပေါင်း ၁၆ ဘုံ ဒီ ၁၆ ဘုံ ကို- ရူပါဝါစရ = ရူပ ၁၆ ဘုံလို့ ခေါ်တယ်)

၂၀။ အာကာသာနဉ္စာယတန ဘုံ
ဝိဥာနဉ္စာယတနဘုံ အကိဉ္စညာ
ယတနဘုံ နေဝသဥာနာသဥာ
ယတနဘုံ ဒီလေးဘုံကို အရူပါဝ
စရ အရူပဘုံလို့ခေါ်တယ်။

အထက်ကဆိုခဲ့သော ၁၆ ဘုံ နှင့်ယခုလေးဘုံပေါင်း တော့ ဗြဟ္မာဘုံ ၂၀ ဖြစ်တယ်။

၁။ အပါယ်လေးဘုံ
၂။ လူ့ဘုံ ၁ဘုံ နှစ်ရပ်ပေါင်း ကာမ ၁၁ ဘုံ
၃။ ဗြဟ္မာ့ဘုံ ၂၀ ပေါင်း၃၁ဘုံ ဖြစ်ပါသည်။

လေးကျွန်းတစ်မြင့်မိုရ်စီဖြင့် တည်ရှိနေတဲ့ စကြဝဠာတွေဟာ အနန္တများလှတယ်လို့ ဆိုပါတယ်။ဒါကြောင့် အခြားသောစကြဝဠာဟာလည်း ၃၁ ဘုံထဲပါဝင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ 


 


No comments:

Post a Comment

ဗိုက်ပူတာ ဘာကြောင့်လဲ - သိကြလား

 ဗိုက်ပူတာ ဘာကြောင့်လဲ - သိကြလား   ” ဗိုက်ပူတာ ဘာကြောင့်လဲ ” လူအများစုရဲ့အထင်က ဗိုက်ပူတာဟာဝမ်းဗိုက်မှာအဆီတွေ စုပါများပြီးအဆီတွေအခေါက်တွေ ...