Wednesday, October 27, 2021

သက်ရှည်ကျန်းမာဖို့အတွက် အရေးအကြီးဆုံးအချက်များ

 


၁။ ညအိပ်ယာဝင်ခါနီးတိုင်း
သွားတိုက်ပါ။သွားတိုက်ပြီးသည်
နှင့် ဘာမျှမစားသင့်တော့ပါ။
ခံတွင်းသန့်လျှင်ရောဂါ အမျိုး
အစား ၇၀ကိုအလိုလိုကာကွယ်ပြီး
သားဖြစ်သည်၊ ခံတွင်းမသန့်ရှင်း
သည်နှင့်ရောဂါအမျိုးအစား ၇၀
ကိုဖိတ်ခေါ်ပြီးသားဖြစ်သည်။
၂။ အသက်ကြီးသည်အထိသွား
ခိုင်မှ သက်ရှည်ကျန်းမာနိုင်သည်၊
ငယ်စဉ်ကတည်းက သွားကျန်းမာ
ကြံ့ ခိုင်အောင် အမာစာများ
တအား မစားပါနှင့်၊ အချိုလျော့
စားပါ၊ ခံတွင်းသန့်ရှင်းဖို့ အမြဲ
ဂရုစိုက္ပါ။
၃။ မိမိစိတ်တွင် ‌မေတ္တာတရား
ကိုသာလက်ခံပါ၊ စိတ်ချမ်းသာ
စရာ ကိုသာတွေးပါ။
၄။ သူတပါးကိုပေးဖို့ရာသာ
တွေးပါ၊ ရယူဖို့ရာဘယ်တော့မှ
မတွေးပါနှင့်။
၅။ အစာစားတိုင်း
ကြေညက်အောင်ဝါးစားပါ။
၆။ ကန်စွမ်းရွက်ကိုနေ့စဉ်စားပါ၊
ကြော်၊ပြုပ်၊ချဉ်ရည်ဟင်းချက်၊
တစ်ခါတစ်ရံအရိုးကိုထန်းလျက်
နှင့်ပြုပ်သောက်ပါ၊ ကန်စွမ်းရွက်
သည်ဝမ်းဗိုက်ထဲရောက်နေသော
ရောဂါဖြစ်မည့် အဆိပ်မျိုးစုံကို
ပယ်ဖျောက်ပေးသည်။
အသားအရည်ကိုချောမွေ့လှပ
စေသည်၊သွေးကိုသန့်ရှင်းစေသည်
အမျိုးသမီးများဓမ္မတာကိစ္စ၊
သွေးဆုံး၊မီးယပ်ရောဂါမှန်သမျှ
ကိုကောင်းအောင်ကုသပေးသည့်
သဘာဝသမားတော်ဖြစ်သည်၊
ကန်စွမ်းရိုးသည်အသက်ကြီးလျှင်
အလိုလိုကုန်ခန်းလာသည့်
အရိုးတွင်းမှ ကက်ဆီယံဓါတ်ကို
ပြန်ဖြည့်ပေးသည်။
၇။ မနက်အိပ်ယာထရေနွေးဆူ
အောင်တည်၍‌ ခေတ္တအအေးခံ
ကာခပ်နွေးနွေးကိုတစ်ဝကြီး
သောက်ပါ၊ သောက်ပြီး၄၅မိနစ်
ျကာမွအစာစားပါ၊ ကင္ဆာ၊
သွေးတိုး ဆီးချိုစသောနာတာရှည်
ရောဂါများကို ပျောက်ကင်း စေ
သကဲ့သို့ မလိုအပ်သောအဆီများ
ကိုချပေးသည်၊ သတိပြုရမည်မှာ
ညကတည်းကတည်ထားသော
ဓါတ်ဘူးထဲထည့်ထားသော
ရေနွေးမဖြစ်ဖို့လိုသည်။ညသိပ်
ရေနွေးသည် အဆိပ်ဖြစ်သော
ကြောင့်မသောက်သင့်ပါ။
၈။ တစ်ရက်တစ်ကြိမ်
ကြက်သွန်ဖြူ၄တက်လောက်ကို
ထမင်းနှင့်မြှုပ်စားပါ။စားနည်းမှာ
ကြက်သွန်ဖြူ ၄ တက်ကိုအခွံခွါ
ကာ ပြားသွားအောင်ထုပါ။
အနည်းဆုံး ၁၅မိနစ်ကြာအောင်
စောင့်ပြီးမှထမင်းနှင့်မြှုပ်စားပါ။
နှလုံးရောဂါသမားများ နှစ် လ
ကျော်အတွင်းသက်သာ ပျောက်
ကင်းနိုင်သည်၊ များလွန်းလျှင်
မကောင်းပါ၊ သုံးလေးတက်ထက်
ပိုမစားသင့်ပါ၊ ကြက်သွန်ဖြူကို
ပြားလိုက်လျင်ထွက်လာသော
အစေးနှင့်ပြင်ပအောက်ဆီဂျင်
လေထိသွားသောအခါကျမှ ဆေး
ဖြစ်ပြီး၊သွေးသန့်အောင် သွေးကျဲ
အောင်လုပ်ပေးနိုင်သော ဓါတ်ကို
ဖြစ်စေသောကြောင့် အနည်းဆုံး
၁၅မိနစ် စောင့်ပြီးမှစားရခြင်းဖြစ်
သည်။
ထိုကြက်သွန်ဖြူသည်နှလုံးသမား
များစားနေသော သွေးကြဲဆေး
ထက် လေးဆ ပိုပြီးအာနိသင်ရှိ
ကြောင်း၊ ပြင်သစ်ဆရာဝန်
တ‌ယောက်ပြောဖူးသည်။
ကြိုတင်စားထားလျင်လေအား
သွေးအားကို ကောင်းစေသည့်
အပြင် သွေးကိုပါသန့်စေသော
ကြောင့် သွေးတိုး၊လေးဘက်နာ
ရောဂါ၊လေဖြတ်ရောဂါ၊ နှလုံး
ရောဂါများကို ကာကွယ်ပြီးသား
ဖြစ်သည်။
၉။ တစ်ရက်လျင်ပုံမှန်ဖန်ခွက်
ဖြင့် ရေ ၈ ခွက်ခန့် ဝင်အောင်
သတိထားသောက်ပါ။ဆီးသွားချင်
လျှင် အောင့်မထားဘဲချက်ခြင်း
သြားပါ။
ကျန်းမာခြင်းသည်အမြတ်ဆုံး
လာဘ် ဟူသောဘုရားရှင်စကား
တော်ကို ဦးထိပ်ထားပြီး၊
ကျန်းမာရေးကို ရွှေငွေပစ္စည်းဥစ္စာ
များနှင့်ဘယ်သောအခါမှမလဲမိ
အောင်ဂရုစိုက်ပါ။ အချိန်မှန်အိပ်
အချိန်မှန်စားလျှင် ‌ရောဂါဖြစ်ဖို့
အလွန်ခဲယဉ်းပါသည်။
ကျန်းမာရေး ထိခိုက်သည်နှင့်
ပြည့်စုံနေသော စီးပွါးရေး၊
အိမ်ထောင်ရေး၊ ပညာရေးများ
သည် ဘာမျှ သုံးစားမရတော့
သည်ကိုသတိပြုပါ၊
အားလုံး သက်ရည်ကျန်းမာကြပါစေ
မေတ္တာရှင် ရွှေပြည်သာ
Credit:

No comments:

Post a Comment

ဗိုက်ပူတာ ဘာကြောင့်လဲ - သိကြလား

 ဗိုက်ပူတာ ဘာကြောင့်လဲ - သိကြလား   ” ဗိုက်ပူတာ ဘာကြောင့်လဲ ” လူအများစုရဲ့အထင်က ဗိုက်ပူတာဟာဝမ်းဗိုက်မှာအဆီတွေ စုပါများပြီးအဆီတွေအခေါက်တွေ ...